ဘေးတစ်ဖက်စီသို့ တောင်ပံဖြန့်ကျက်ထားသည့် ပုံသဏ္ဌာန် ရွှေပြောင်ဘောင်ဆန်းပေါ်တွင် တောက်ပြောင်သော အဖြူရောင်ကျောက်တစ်လုံးစီကို UK ဘားလိုင်းဖြင့် မြှုပ်နှံဖန်တီးထားလို့၊ Modern နဲ့ Artistic စတိုင်လ်ကို နှစ်သက်သည့် စုံတွဲများအတွက် အထူးသင့်လျော်သော Couple လက်စွပ်ဖြစ်ပါတယ်။နှစ်ဦးသား အတူတကွ မြင့်မားသော အနာဂတ်သို့ ပျံသန်းကြမည်ဆိုသည့် အဓိပ္ပာယ်ဆောင်သော တောင်ပံယှက်ဒီဇိုင်းပေါ်တွင် ကျောက်၏ အလင်းပြန်မှုကို ထင်းနေအောင် ပုံဖော်ထားသဖြင့်၊ နက်ရှိုင်းသော အဓိပ္ပာယ်နှင့်အတူ လက်ချောင်းထက်တွင် ထူးခြားစွာ တင့်တယ်နေစေမည့် စုံတွဲလက်စွပ်ဖြစ်ပါတယ်။