အလယ်ဗဟိုတွင် ထုထည်ကြီးမား၍ အရောင်တောက်ပသော ခရမ်းစွဲကျောက်ကို စတုရန်းထောင့်စွန်း ပုံစံတည်ထားပြီး၊ ဘေးပတ်လည်၌ ဂျီဩမေထရီ (Geometric Structure) အနားစုံလိုင်းများကို အထပ်ထပ် အလွှာလိုက် စိန်ပွင့်ငယ်များ ကွပ်စိုက်၍ ဖန်တီးထားသည့် ခေတ်မီဆန်းသစ်သော စိန်ထည် ဖြစ်ပါသည်။ သေသပ်လှပသော လက်ရာကြောင့် ဝတ်ဆင်သူ၏ ခန့်ငြားဆွဲဆောင်မှုနှင့် ကျက်သရေကို အပြည့်အဝ ပေါ်လွင်စေပါသည်။