တောက်ပစူးရှတဲ့ ပတ္တမြားနီရောင် ရေစက်ပုံစံကျောက်မျက်ကို အပေါ်ကနေ ရွှေရောင်ဦးရစ်ခေါင်းဆောင်းသဖွယ် ကျောက်ဖြူလေးတွေနဲ့ ဝန်းရံမွမ်းမံထားလို့ ထူးခြားဆန်းသစ်တဲ့ နန်းဆန်ဆန်အလှကို အပြည့်အဝပေးစွမ်းမယ့် ဆွဲသီးလေး ဖြစ်ပါတယ်။ရိုးရိုးတန်းတန်း ဒီဇိုင်းတွေထဲက ခွဲထွက်ပြီး ပုံစံဆန်းလေး ဖန်တီးထားတာမို့ မိမိရဲ့ တင့်တယ်ကျော့ရှင်းမှုကို အထာကျကျ ပေါ်လွင်စေမယ့် ရွေးချယ်မှုအမှန်ပဲ ဖြစ်ပါတယ်။