လိပ်ပြာတောင်ပံဖြန့်ထားသလို ရွှေရောင်ကိုယ်ထည်ပေါ်မှာ တောက်ပတဲ့ ကျောက်ဖြူလေးတွေကို ဘောင်ခတ်စီခြယ်ထားပြီး ဗဟိုကိုယ်ထည်နေရာမှာ စိမ်းလန်းစိုပြည်တဲ့ မြစိမ်းရောင်ကျောက်မျက် အဝိုင်းလေးနှစ်ပွင့်နဲ့ အသက်သွင်းပုံဖော်ထားတဲ့ ချစ်စဖွယ်ဆွဲသီးလေးပါ။လိပ်ပြာလေးတွေရဲ့ လွတ်လပ်နုပျိုခြင်းအလှတရားကို အနုစိတ်လက်ရာနဲ့ ပေါင်းစပ်ထားတာမို့ ချစ်စရာကောင်းတဲ့ Look မျိုးနဲ့သင့်ရဲ့လည်တိုင်ထက်မှာ ပိုမိုတောက်ပဆန်းသစ်ပြီး ထင်ရှားပေါ်လွင်နေစေမှာ အသေအချာပါပဲ။