အောက်ခြေကားကားလေးနဲ့ ယပ်တောင်ပုံစံအလွှာလိုက်လေးတွေ တွဲလောင်းကျနေတဲ့ လှပလွန်းတဲ့ ရွှေလော့ကက်သီး ဖြစ်ပါတယ်။နူးညံ့သိမ်မွေ့တဲ့ ယပ်တောင်ပုံစံ ဖန်တီးမှုကြောင့် ရိုးရာဝတ်စုံတွေနဲ့ပဲဖြစ်ဖြစ်၊ ပွဲတက်ဖက်ရှင်တွေနဲ့ပဲဖြစ်ဖြစ် တွဲဖက်လိုက်ရင် သင့်ရဲ့ လည်တိုင်ထက်မှာ ထူးခြားဆန်းပြားကျော့ရှင်းပြီးမြင်သူတိုင်း ငေးမောရလောက်အောင် ထည်ဝါစေမယ့်အလှတရားကို အပြည့်အဝ ဆောင်ကြဉ်းပေးမှာပါရှင်။