နားကပ်တစ်ဖက်စီတွင် စိန် ၇ ပွင့်စီဖြင့် အလယ်ဗဟိုတွင်စုစည်းမွမ်းမံထားပြီး အပြင်ဘောင်တွင် ပြောင်လက်သော ရွှေအဝါရောင် ဆဌဂံပုံသဏ္ဌာန် ဖြင့် သပ်ရပ်စွာ ဝန်းရံထားသည့် နားကပ် ဖြစ်ပါသည်။ စိန်ဖြူဖြူတို့၏တောက်ပမှုနှင့် ရွှေအဝါရောင် အပြောင်လိုင်း တို့ကို တွဲဖက်ထားသဖြင့် ဝတ်ဆင်သူ၏ စမတ်ကျမှု၊ သိမ်မွေ့မှုနှင့် ဆန်းသစ်သော အလှတရားကို အပြည့်အဝ ပေါ်လွင်စေပါသည်။