မကောင်းတဲ့ အိပ်မက်ဆိုးတွေကို ဖယ်ရှားပြီး ကောင်းခြင်းမင်္ဂလာနဲ့ အိပ်မက်လှလှလေးတွေကိုပဲ ဖမ်းယူဆောင်ကြဉ်းပေးမယ့် 'Dreamcatcher' အယူအဆကို အနုပညာမြောက် ပုံဖော်ထားတဲ့ ရွှေစင်ဆွဲသီးလေး။အပေါ်က စက်ဝိုင်းကွင်းအလယ်မှာ ရွှေပြားဝိုင်းလေးပါပြီးအောက်ခြေမှာ သစ်ရွက်နုဒီဇိုင်းနဲ့ ရွှေလုံးလေးတွေလှုပ်လီလှုပ်လဲ့ ဆွဲထားလို့ သင့်ရဲ့ လှုပ်ရှားမှုတိုင်းမှာ လိုက်ပါယိမ်းနွဲ့ရင်း မျက်စိပသာဒဖြစ်စေမယ့် Boho-Chic ဖက်ရှင်ဒီဇိုင်းဆန်း ဖြစ်ပါတယ်။