ရိုးရှင်းပြီး သေသပ်တဲ့ လေးထောင့်ကွက် (Grid) ဒီဇိုင်းရွှေဘောင်လေးထဲမှာ ကျောက်ဖြူလေးတွေကို စနစ်တကျနဲ့ မျက်နှာပြင်အပြည့် စီခြယ်ပေးထားတဲ့ ခေတ်မီဆွဲသီးအဆန်းလေးပါ။ဂျီဩမေတြီအလှကို အခြေခံထားလို့ နေ့စဉ်ရုံးတက် Outfit တွေကအစ ပေါ့ပေါ့ပါးပါး ပွဲတက်တွေအထိ ဘယ်လိုဖက်ရှင်နဲ့မဆို လိုက်ဖက်ညီညီ စမတ်ကျကျ လှပနေစေမှာ အသေအချာပါပဲ။