အလယ်ဗဟိုတွင် ဝါဝင်းကြည်လင်သော Cushion Cut သလင်းဝါကျောက်ကို အဓိကထား၍ ဘေးပတ်လည်၌ စိန်ပွင့်ငယ်များကို အနုစိတ် ကွပ်စိုက်ထားသော စိန်ဆွဲသီး ဖြစ်ပါသည်။မင်္ဂလာဆောင်ပွဲများ၊ အလှူတော်မင်္ဂလာ အခမ်းအနားများ၊ အရေးကြီးသော စီးပွားရေး ပွဲလမ်းသဘင်များနှင့် မြန်မာဝတ်စုံ သို့မဟုတ် စမတ်ကျကျ ပွဲတက်ဝတ်စုံများနှင့် ထည်ဝါစွာ ဝတ်ဆင်ရန် အထူးသင့်တော်ပါသည်။