ဗဟိုက ဝိုင်းစက်တောက်ပနေတဲ့ ခရမ်းရောင်ကျောက်မျက်ကို ဘေးပတ်လည်မှာ လိပ်ပြာတောင်ပံဖြန့်ထားသလိုရွှေရောင်နန်းဆွဲလိုင်း (Filigree Lines) တွေ၊ ကျောက်ဖြူလိုင်းလေးတွေနဲ့ အချိုးကျကျ ဝန်းရံပုံဖော်ထားတဲ့ဆွဲသီးဒီဇိုင်းလေးပါ။ရိုးရိုးရှင်းရှင်း ဒီဇိုင်းတွေထဲကနေ ခွဲထွက်ပြီး ခေတ်မီဆန်းသစ်တဲ့လက်ရာနဲ့ ပေါင်းစပ်ဖန်တီးထားတာမို့ ဆင်မြန်းလိုက်တဲ့အခါ သင့်ရဲ့ Look ကို ပိုပြီး လျှို့ဝှက်ဆန်းပြားကာ ကျော့ရှင်းတင့်တယ်နေစေမှာပါ။