စပါးနှံပုံစံ ကွပ်ထားသော ရွှေခွက်လေးများထဲတွင် တောက်ပသော ကျောက်ဖြူ ၃ လုံးစီကို သီကုံးမြှုပ်နှံထားပြီး ဘေးနှစ်ဖက်တွင် ရွှေအဆစ်ပြားလေးများဖြင့် ယှက်လိမ်ပုံဖော်ပေးထားသည့်ကျောက်ဖြူဟမ်းချိန်း။အောင်မြင်ဖြစ်ထွန်းခြင်း၏ သင်္ကေတ စပါးနှံပုံရိပ်ကို ခေတ်မီကျောက်စီအလှဖြင့် ဆန်းသစ်တီထွင်ထားသဖြင့် ကြည့်ရှုသူတိုင်း၏ မျက်လုံးကို ဖမ်းစားနိုင်မည့် ရတနာမွန်လေး ဖြစ်ပါတယ်။