သာမန်အသည်းပုံတွေနဲ့မတူဘဲ အလယ်ဗဟိုကနေ အလင်းတန်းတွေ ဖြာထွက်နေသလို စက်ဖြတ်လက်ရာဆန်းနဲ့ ဘေးပတ်လည် ရွှေစက်ဖြတ်အနားကွပ်လေးတွေ ပေါင်းစပ်ထားတဲ့ ဆွဲကြိုးဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာရဲ့ နက်ရှိုင်းမှုကိုပါ ဆောင်ထားတဲ့အပြင် ဝတ်ဆင်လိုက်ရင် ရိုးရှင်းကျော့ရှင်းနေပြီး လှုပ်ရှားလိုက်တိုင်း မျက်နှာပြင်ဆန်းလေးက တဖိတ်ဖိတ်နဲ့ ပိုမိုတောက်ပညှို့ယူနေမှာပါ။