ရွှေစင်ရွှေသားအပြည့်ပေါ်မှာ အလယ်က ပန်းပွင့်ဒီဇိုင်းကနေ ဘေးပတ်ပတ်လည်က စပါးနှံနဲ့ အသည်းပုံစံ ကနုတ်လက်ရာတွေ ထုဆစ်ထားတဲ့ မိုးရေစက်ပုံစံ ဆွဲသီးကြီးဖြစ်ပါတယ်။သေသပ်ကျနတဲ့ ရွှေပန်းထိမ်လက်ရာတွေနဲ့ ရိုးရာကနုတ်ဒီဇိုင်းကို ခေတ်ရေစီးကြောင်းအတိုင်း အလှပဆုံးဖန်တီးထားတာကြောင့် သင့်ရဲ့ ထည်ဝါခန့်ညားတဲ့ Aura ကိုအမြဲတမ်း ခေတ်ရှေ့ပြေးနေစေမှာ အသေအချာပါပဲ။