လုပ်ငန်းအကျဉ်းချုပ်
ရွှေပစ္စည်းများကို အတု/အစစ်၊ အရည်အသွေး နှင့် တန်ဖိုးမှန်ကန်စွာ စစ်ဆေးအကဲဖြတ်ကာ ချေးငွေထုတ်ပေးခြင်း ၊အပေါင်ပစ္စည်းများကို လုံခြုံစွာသိမ်းဆည်းခြင်း လုပ်ငန်းစဥ်များကို တာဝန်ခံအား ကူညီလုပ်ဆောင်ရမည်ဖြစ်သည်။
လိုအပ်သောအရည်အချင်း
- အသက် ၂၅ မှ ၃၅ နှစ် အတွင်း ဖြစ်ရမည်။
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ (၃) နှစ် ရှိသူ ဖြစ်ရမည်။ (ရွှေဆိုင်လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။)
- မိမိအဖွဲ့ကို ဦးဆောင်ပြီး စီမံအုပ်ချုပ်နိုင်စွမ်းရှိရမည်။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
- မိမိအလုပ်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
- ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ရမည်။
- အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။
ဤအလုပ်ခေါ်စာကို စိတ်ဝင်စားသူများအနေဖြင့် အောက်ပါလိုအပ်သည့် စာရွက်စာတမ်း များနှင့်အတူ ပေါင်းတည်မြို့(၇)လမ်း မိသားစုရွှေဆိုင်သို့ ဆိုင်ဖွင့်ချိန်အတွင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။(သို့) Viber Ph no 09 777795083 သို့လည်း ပေးပို့လျှောက်ထားနိုင်သည်။
- အိမ်ထောင်စုစာရင်းမိတ္ထူ
- မှတ်ပုံတင်မိတ္ထူ
- ရပ်ကွက်ထောက်ခံစာ
- ဘွဲ့လက်မှတ်မိတ္တူ
- ၁ လက်မဆိုဒ် ဓာတ်ပုံတစ်ပုံ