နှစ်ပေါင်း ၃၆နှစ် ကျော် သမိုင်းကြောင်းမှသည် ယနေ့ခေတ်ဖန်တီးမှုများအထိ ...
လက်ဝတ်ရတနာလေးတွေ
အမြဲတောက်ပနေဖို့ လက်ဝတ်ရတနာလေးတွေ
အမြဲတောက်ပနေဖို့

လက်ဝတ်ရတနာလေးတွေ
အမြဲတောက်ပနေဖို့

ဝန်ဆောင်မှုအမျိုးအစားများ

Tab Prev Button
Tab Next Button
လက်ဝတ်ရတနာများ
ရောင်းချခြင်း

ကျွန်ုပ်တို့ “ပေါင်းတည် မိသားစုရွှေဆိုင်” တွင် ခေတ်မီဆန်းသစ်ပြီး လက်ရာမြောက်လှပလှသည့် လက်ဝတ်ရတနာ ဒီဇိုင်းအသစ်မျိုးစုံကို တစ်နေရာတည်းမှာတင် စိတ်ကြိုက်ကြည့်ရှု ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

ကျွန်ုပ်တို့ထံတွင် တစ်နေရာတည်း၌ စုံလင်စွာ ဝယ်ယူရရှိနိုင်သည်များ –

  • ရွှေထည် လက်ဝတ်ရတနာ ဒီဇိုင်းမျိုးစုံ: ခေတ်ရေစီးကြောင်းနှင့်အညီ ကျော့ရှင်းဆန်းသစ်သည့် ဖက်ရှင်ဒီဇိုင်းများ၊ မင်္ဂလာလက်ဖွဲ့ အထည်ကြီးများနှင့် နေ့စဉ်ဝတ်ဆင်ရန် သင့်လျော်သော စျေးနှုန်းသင့်ဒီဇိုင်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။
  • ကျော့ရှင်းထည်ဝါသော စိန်ထည်ရတနာများ: တစ်သက်တာလုံး အဖိုးတန်ကျန်ရစ်မည့် လှပသေသပ်သော အဆင့်မြင့်စိန်ထည်ဒီဇိုင်းများကို စိတ်ချယုံကြည်ရသည့် အရည်အသွေးဖြင့် ဝယ်ယူရရှိနိုင်ပါသည်။စိန်ပွင့်များကိုလဲ အရည်အသွေးမြင့်အဖြူအသန့်များကိုသာ အသုံးပြုခတ်လုပ်ထားပါသည်။
  • အဆင့်မြင့် 24K အထည်များ: ရွှေအလေးချိန်နှင့် အရည်အသွေး စံချိန်စံညွှန်း အပြည့်ရှိပြီး အလှအပနှင့် သိမ်းဆည်းရန်အတွက် အကောင်းဆုံးဖြစ်သည့် 24K ရွှေစင်အထည်များ။ လာဘ်ကောင် 24K ပီခြူထည်လေးများကိုလဲဝယ်ယူရရှိနိုင်ပါသည်။
  • ခေတ်မီဆန်းသစ်သော 18K အထည်များ: လူငယ်၊ လူလတ်ပိုင်းများအကြိုက် ခေတ်မီပြီး ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်မည့် 18K အထည်ဒီဇိုင်းဆန်းမျိုးစုံကိုလည်း စုံလင်စွာ တင်သွင်းပြသထားပါသည်။
လက်ဝတ်ရတနာများ
ရောင်းချခြင်း

အွန်လိုင်းပေါ်တွင် စိတ်ကူးယဉ်ကြည့်ရုံတင်မကဘဲ လူကြီးမင်းတို့၏ စိတ်တိုင်းကျ အလှပဆုံး လက်ဝတ်ရတနာများကို ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ရန် ပေါင်းတည်မြို့ရှိ ကျွန်ုပ်တို့ ‘မိသားစုရွှေဆိုင်’ သို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

ကျွန်ုပ်တို့ဆိုင်သို့ လူကိုယ်တိုင် လာရောက်ဝယ်ယူခြင်းဖြင့် –

  • စိတ်ကြိုက် စမ်းသပ်ဝတ်ဆင်နိုင်ခြင်း: မိမိနှင့် အလိုက်ဖက်ဆုံးဖြစ်မည့် ရတနာဒီဇိုင်းများကို စိတ်တိုင်းကျ စမ်းသပ်ဝတ်ဆင်ကြည့်ပြီးမှ စိတ်အေးချမ်းသာစွာ ရွေးချယ်နိုင်ခြင်း။
  • ကျွမ်းကျင်သူများနှင့် တိုင်ပင်နိုင်ခြင်း: မိမိအလိုရှိသော ရွှေအလေးချိန်၊ ဘတ်ဂျက်နှင့် အသစ်ထွက်ဒီဇိုင်းများကို တစ်ခါထဲကြည့်ရှုနိုင်ပြီး ကျွမ်းကျင်ဝန်ထမ်းများက အနီးကပ် လှိုက်လှိုက်လှဲလှဲ အကြံပြုဆွေးနွေးရောင်းချပေးခြင်း။
  • စိတ်ချရသော ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း: လက်ဝတ်ရတနာအသစ်များ ဝယ်ယူခြင်းအပြင် ရွှေအပေါင်လုပ်ငန်းနှင့် စိတ်တိုင်းကျ ရွှေအပ်ထည်များလုပ်ခြင်း ဝန်ဆောင်မှုများကိုပါ တစ်ပါတည်း စုံလင်စွာ ဆောင်ရွက်နိုင်ခြင်း။

မျိုးဆက် (၃) ဆက်တိုင် ခိုင်မာလာခဲ့သည့် ကျွန်ုပ်တို့၏ ရိုးသားမှု၊ စေတနာများနှင့်အတူ ဧည့်သည်တော်များအားလုံးကို မိသားစုရွှေဆိုင်သို့လူကိုယ်တိုင် လာရောက်အားပေးရန် အမြဲတမ်း ကြိုဆိုလျက်ရှိပါသည်။

လက်ဝတ်ရတနာများ
ပြန်လည်ဝယ်ယူခြင်း

ကျွန်ုပ်တို့ “ပေါင်းတည် မိသားစုရွှေဆိုင်” တွင် လက်ဝတ်ရတနာများ အသစ်ဝယ်ယူနိုင်ရုံတင်မကဘဲ လူကြီးမင်းတို့ ရွှေထည်များကိုလည်း စိတ်ချယုံကြည်စွာ ပြန်လည်ရောင်းချနိုင်မည့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။

ကျွန်ုပ်တို့ မိသားစုရွှေဆိုင်၏ ထူးခြားသော အားသာချက်များ

  • အမြင့်ဆုံးသော ကာလပေါက်စျေးဖြင့် ဝယ်ယူခြင်း: မိသားစုရွှေဆိုင်၏ အဓိကအားသာချက်မှာ ဧည့်သည်တော်များအတွက် အကောင်းဆုံးနှင့် အမြင့်ဆုံးသော ဝယ်စျေးကို ပေးချေခြင်းဖြစ်ပါသည်။ ထို့ကြောင့်ပင် ဧည့်သည်တော်များအနေဖြင့် စျေးနှုန်း ပိုမိုရရှိသဖြင့် ကျွန်ုပ်တို့ဆိုင်သို့ ယုံကြည်စိတ်ချစွာ လာရောက်ရောင်းချကြခြင်းဖြစ်ပါသည်။
  • အချိန်မရွေး ပြန်လည်ဝယ်ယူပေးနိုင်မည့် အာမခံချက်: ကျွန်ုပ်တို့ဆိုင်မှ ဝယ်ယူသွားသော လက်ဝတ်ရတနာများကို လူကြီးမင်းတို့ ငွေကြေးအသုံးပြုရန် လိုအပ်လာသည့်အခါဖြစ်စေ၊ ဒီဇိုင်းအသစ် လဲလှယ်လိုသည့်အခါဖြစ်စေ အချိန်မရွေး စိတ်ချလက်ချ ပြန်လည်ရောင်းချနိုင်ကြောင်း ရာနှုန်းပြည့် အာမခံချက်ပေးပါသည်။
  • တိကျမှန်ကန်သော စစ်ဆေးမှုစနစ်: ခေတ်မီရွှေစစ်စက်များ၊ နည်းပညာများနှင့် ကျွမ်းကျင်သူများကိုယ်တိုင် တိကျမှန်ကန်စွာ စစ်ဆေးပေးသဖြင့် အရည်အသွေးအတွက် လုံးဝ (လုံးဝ) စိတ်ပူရန်မလိုပါ။
လက်ဝတ်ရတနာများ
ပြန်လည်ဝယ်ယူခြင်း

ပြန်လည်ဝယ်ယူခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ (Terms & Conditions)

ဧည့်သည်တော်များ အဆင်ပြေချောမွေ့စွာ ရောင်းချနိုင်ရန်အတွက် ပြန်လည်ဝယ်ယူခြင်း ကဏ္ဍကို အောက်ပါအတိုင်း စနစ်တကျ သတ်မှတ်ထားရှိပါသည် –

၁။ ဆိုင်မှ ဝယ်ယူထားသော ရွှေထည်များ (ဘောင်ချာ ပါရှိပါက)

  • ကျွန်ုပ်တို့ “မိသားစုရွှေဆိုင်” ၏ မူရင်းအရောင်းဘောင်ချာ ပါရှိသော ပစ္စည်းများအားလုံးကို ကာလပေါက်စျေးအတိုင်း အမြန်ဆုံး ချက်ချင်း ပြန်လည်ဝယ်ယူပေးပါသည်။

၂။ ဆိုင်မှ ဝယ်ယူထားသော ရွှေထည်များ (ဘောင်ချာ မပါရှိပါက)

  • မူရင်းဘောင်ချာ ပျောက်ဆုံး/မပါရှိတော့သော်လည်း ကျွန်ုပ်တို့ဆိုင်မှ ရောင်းချထားကြောင်း သေချာသည့် ဆိုင်တံဆိပ် အမှတ်အသား၊ လက်ရာ နှင့် ရွှေအရည်အသွေး စစ်ဆေးမှုများ ပြုလုပ်ပြီး အတည်ပြုနိုင်ပါက ပုံမှန်အတိုင်း ပြန်လည်ဝယ်ယူပေးပါသည်။
  • ထို့အပြင် ဆိုင်တွင် အမြဲတမ်း ဝယ်ယူအားပေးနေကျဖြစ်သော Customer ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ/ရာထူးရှိသူမှ အတည်ပြုပေးပါကလည်း စိတ်အေးချမ်းသာစွာ ပြန်လည်ရောင်းချနိုင်ပါသည်။

၃။ အခြားပြင်ပဆိုင်မှ ဝယ်ယူထားသော ရွှေထည်များ (ဘောင်ချာ ပါရှိပါက)

  • အခြားပြင်ပဆိုင်များမှ ဝယ်ယူထားပြီး အရောင်းဘောင်ချာ ပါရှိသော ရွှေထည်ပစ္စည်းများကိုလည်း ကျွန်ုပ်တို့ဆိုင်တွင် မှတ်ကျောက်နှင့် စစ်ဆေးခြင်း(သို့) ခေတ်မီရွှေစစ်စက် (XRF Gold Tester) များဖြင့် စစ်ဆေးခြင်းတို့ကို စနစ်တကျ ပြုလုပ်ပေးပါသည်။
  • စစ်ဆေးမှုအောင်မြင်ပြီး ရွှေရည်မှန်ကန်မှုရှိပါက ဧည့်သည်တော်များ စိတ်တိုင်းကျဖြစ်စေမည့် အမြင့်ဆုံးစျေးနှုန်းဖြင့် ဝယ်ယူပေးပါသည်။

“ဝယ်စျေးအမြင့်ဆုံးပေးပြီး ယုံကြည်စိတ်ချရမှုအပြည့်ရှိတဲ့ ‘မိသားစုရွှေဆိုင်’ သို့ လူကြီးမင်းတို့၏ အဖိုးတန်ရွှေထည်များကို အချိန်မရွေး လာရောက်ရောင်းချလဲလှယ်နိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။”

ဒုံးထည်များ
ရောင်းချခြင်း

အလျော့တွက်လက်ခလဲမပေးချင်ဘူး ရွှေထည်စစ်တာလဲဝတ်ချင်တယ် ရွှေလဲစုချင်တယ်ဆိုတဲ့ ရွှေချစ်သူများအတွက် ကျွန်ုပ်တို့ “ပေါင်းတည် မိသားစုရွှေဆိုင်” တွင် အရည်အသွေးမြင့် “ဒုံးထည် (Second-hand) လက်ဝတ်ရတနာမျိုးစုံ”ကို တစ်နေရာတည်းတွင် စုံစုံလင်လင် ခင်းကျင်းရောင်းချပေးလျက်ရှိပါသည်။

ဒုံးထည် (Second-hand) ဆိုတာ ဘာလဲ?

ဒုံးထည်ဆိုသည်မှာ ယခင်က ဝတ်ဆင်ကိုင်တွယ်ခဲ့ဖူးသည့် (Second-hand) အထည်များဖြစ်ပြီး “အလျော့တွက်နှင့် လက်ခ လုံးဝ(လုံးဝ) ပေးရန်မလိုဘဲ” ကာလပေါက်စျေးအတိုင်း ရွှေအလေးချိန်အပြည့်ဖြင့် တန်ဖိုးရှိစွာ ဝယ်ယူရရှိနိုင်မည့် အထည်များ ဖြစ်ပါသည်။

ဒုံးထည်များ
ရောင်းချခြင်း

ကျွန်ုပ်တို့ဆိုင်၏ “ဒုံးထည်အသန့်” ဝန်ဆောင်မှု အားသာချက်များ

  • ရွှေရည်အပြည့်အဝ အာမခံချက်: ကျွန်ုပ်တို့ဆိုင်ရှိ ဒုံးထည်များကို ၁၅ ပဲရည် အပြည့်၊ ၁၄ ပဲ ၂ ပြားရည် အပြည့် စသည့် ရွှေရည်စံနှုန်းများကို ခေတ်မီစက်ကိရိယာများဖြင့် သေချာစွာ ပြန်လည်စစ်ဆေးပြီးမှသာ ရောင်းချပေးခြင်းဖြစ်သောကြောင့် “ဒုံးထည်အသန့်” စစ်စစ်များကို စိတ်ချရဆုံး ဝယ်ယူရရှိနိုင်ပါမည်။
  • ပစ္စည်းစုံလင်မှု: ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ်၊ နားကပ် မှစ၍ ဒီဇိုင်းမျိုးစုံကို စုံစုံလင်လင် ရွေးချယ်နိုင်ရန် ပြင်ဆင်ပေးထားပါသည်။

ဒုံးထည်ဝယ်ယူရာတွင် သတိပြုရန် အချက်လေးများ (အားနည်းချက်)

ဒုံးထည်များသည် လက်ရှိဆိုင်တွင် ရှိပြီးသား အထည်များထဲမှ ရွေးချယ်ရခြင်းဖြစ်သောကြောင့် –

  • မိမိတို့ လိုချင်သည့် ဆိုက် (Size) အတိအကျ သို့မဟုတ် မိမိအလိုရှိသည့် ရွှေချိန်အတိအကျကို စိတ်ကြိုက်လိုချင်တိုင်းတော့ ရရှိရန် ခဲယဉ်းနိုင်ပါသည်။
  • သို့သော်လည်း ဆိုင်သို့ လူကိုယ်တိုင် လာရောက်ရွေးချယ်ပါက လူကြီးမင်းတို့နှင့် အဆင်ပြေ အလိုက်ဖက်ဆုံးဖြစ်မည့် အထည်များကို စိတ်ရှည်လက်ရှည် ရွေးချယ်နိုင်ရန် ဝန်ထမ်းများမှ ကူညီပေးသွားမည် ဖြစ်ပါသည်။

“အလျော့တွက်လက်ခ သက်သာပြီး ရွှေရည်အပြည့် အာမခံချက်ရှိတဲ့ ‘ဒုံးထည်အသန့်’ မျိုးစုံကို စိတ်ကြိုက်ရွေးချယ်ဖို့ ပေါင်းတည် မိသားစုရွှေဆိုင် သို့ လှမ်းခဲ့ပါရန် ဖိတ်ခေါ်အပ်ပါသည်ရှင့်။”

အခေါက်ရွှေ 
ရောင်း၊ဝယ်ခြင်း

ရင်းနှီးမြှုပ်နှံရန်အတွက်ဖြစ်စေ၊ အမွေအနှစ်အဖြစ် စုဆောင်းရန်အတွက်ဖြစ်စေ အရည်အသွေးအပြည့်ဆုံးဖြစ်သည့် “၁၀၀% အခေါက်ရွှေ (ရွှေစင်)” အရောင်းအဝယ်ကို ကျွန်ုပ်တို့ “ပေါင်းတည် မိသားစုရွှေဆိုင်” တွင် ယုံကြည်စိတ်ချစွာ တိုက်ရိုက်လုပ်ဆောင်နိုင်ပါပြီ။

၁၉၆၄ ခုနှစ် စတင်တည်ထောင်ချိန်မှစ၍ ယနေ့တိုင် (၃) မျိုးဆက်တိုင်တိုင် “ရွှေအရည်အသွေး မှန်ကန်မှု” ကို အဓိကတန်ဖိုးထားခဲ့ခြင်းကြောင့် အခေါက်ရွှေရောင်းဝယ်ခြင်း ကဏ္ဍတွင်လည်း တိကျမှန်ကန်မှုအတွက် ရာနှုန်းပြည့် အာမခံချက်ပေးပါသည်။

အခေါက်ရွှေ 
ရောင်း၊ဝယ်ခြင်း

ကျွန်ုပ်တို့ဆိုင်၏ အခေါက်ရွှေရောင်းဝယ်ခြင်း အားသာချက်များ

  • စိတ်ကြိုက်ပမာဏ ရွေးချယ်ဝယ်ယူနိုင်ခြင်း: ရွှေအလေးချိန် ရွေးချိန် (အသေးဆုံး ပမာဏ) ကနေ စတင်ပြီး ၁ ပဲ၊ ၂ ပဲ အစရှိသည့် ရွှေပြား/ဖြတ်စများ သာမက ကျပ်သားလိုက် အခေါက်ရွှေတုံးကြီးများအထိ မိမိတို့ အလိုရှိသလောက် စုံလင်စွာ ဝယ်ယူ/ရောင်းချနိုင်ပါသည်။
  • ၁၀၀% ရွှေစင်အစစ်အမှန် အာမခံချက်: သတ်မှတ်ထားသည့် အရည်အသွေး စံချိန်စံညွှန်းပြည့် အခေါက်ရွှေစစ်စစ်များကိုသာ ရောင်းချပေးသဖြင့် ပြန်လည်ရောင်းချသည့် အချိန်တွင်လည်း စျေးနှုန်းမှန်ကန်စွာဖြင့် အဆင်ပြေချောမွေ့စေရပါမည်။

ဧည့်သည်တော်များအတွက် အကြံပြုချက် (ရွှေစျေးနှုန်းနှင့် ပတ်သက်၍)

  • အခေါက်ရွှေစျေးနှုန်းသည် ကာလဒေသအလိုက် အချိန်နှင့်အမျှ ပြောင်းလဲမှုရှိနိုင်သဖြင့် အရောင်းအဝယ်မပြုလုပ်မီ ဆိုင်သို့ တိုက်ရိုက် ဖုန်းဆက်၍ မေးမြန်းခြင်းက အကောင်းဆုံး ဖြစ်ပါသည်။
  • နေ့စဉ် ရွှေစျေးကွက်အခြေအနေအရ နေ့လယ်ပိုင်း ၁ နာရီခွဲခန့် ရန်ကုန် ရွှေစျေးဖွင့်ချိန် (စျေးငြိမ်ချိန်) များတွင် ဆက်သွယ်မေးမြန်းခြင်း သို့မဟုတ် ဆိုင်သို့ လာရောက်ခြင်းက အရောင်းအဝယ်ပြုလုပ်ရန် အဆင်ပြေဆုံး အချိန်ဖြစ်ပါတယ်ရှင့်။

“၁၀၀% တိကျမှန်ကန်တဲ့ အရည်အသွေးနဲ့ မျိုးဆက်ကျော် ယုံကြည်မှုတွေရှိရာ ‘မိသားစုရွှေဆိုင်’ တွင် အခေါက်ရွှေများကို စိတ်ချလက်ချ ရောင်းဝယ်လိုက်ပါ။”

ရွှေအပေါင်
လက်ခံခြင်း

ငွေကြေး အရေးပေါ် လိုအပ်ချက်များအတွက် မိမိတို့၏ အဖိုးတန်ရွှေထည်ပစ္စည်းများကို စိတ်အချရဆုံးနှင့် အမြန်ဆုံး ငွေဖော်နိုင်ရန် ကျွန်ုပ်တို့ “ပေါင်းတည် မိသားစုရွှေဆိုင်” ၏ တရားဝင် အမိန့်ရအပေါင်ဆိုင်လုပ်ငန်း ဝန်ဆောင်မှုဖြင့် ကူညီပေးလျက်ရှိပါသည်။

 ကျွန်ုပ်တို့ မိသားစုအပေါင်ဆိုင်၏ အဓိကအားသာချက်များ

  • အစိုးရအသိအမှတ်ပြု အမိန့်ရအပေါင်ဆိုင်: တရားဝင် အမိန့်ရအပေါင်ဆိုင်အဖြစ် စနစ်တကျ ဖွင့်လှစ်ထားခြင်းဖြစ်သောကြောင့် ဥပဒေကြောင်းအရရော လုပ်ငန်းလုပ်ထုံးလုပ်နည်းအရပါ ရာနှုန်းပြည့် စိတ်ချယုံကြည်နိုင်ပါသည်။
  • ၁၀၀% စိတ်ချယုံကြည်ရမှု (လုံခြုံစိတ်ချရသော စနစ်): ဧည့်သည်တော်များ အပ်နှံထားခဲ့သော ရွှေထည်ပစ္စည်းများကို လုံခြုံမှုရှိစေရန် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပေးထားသဖြင့် မိမိတို့ပစ္စည်း အလေးချိန်လျော့နည်းသွားခြင်း၊ ပျက်စီးခြင်းတို့ လုံးဝ (လုံးဝ) မရှိစေရဘဲ အပ်နှံစဉ်ကအတိုင်း ပြန်လည်ရရှိပါမည်။
  • အချိန်မရွေး ချက်ချင်း ငွေအမြန်ရရှိနိုင်မှု: စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စရပ်များအတွက် ငွေကြေးအသုံးပြုရန် လိုအပ်လာပါက ရှုပ်ထွေးသော လုပ်ငန်းစဉ်များမရှိဘဲ မိမိတို့၏ ရွှေထည်ပစ္စည်းများနှင့်အတူ ဆိုင်သို့ လာရောက်ကာ အချိန်မရွေး ချက်ချင်း ငွေထုတ်ယူနိုင်ပါသည်။

ရွှေချစ်သူဧည့်သည်တော်များသို့ မေတ္တာရပ်ခံချက်

  • ဧည့်သည်တော်များအနေဖြင့် များပြားလှသော ရွှေထည်ပစ္စည်းများကို ပေါင်နှံလိုပါက လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ချောမွေ့စေရန်နှင့် ငွေကြေးအင်အား အဆင်သင့်ဖြစ်စေရန်အတွက် ဆိုင်သို့ ကြိုတင်ဆက်သွယ် အကြောင်းကြားပေးပါရန်လှိုက်လှိုက်လှဲလှဲ မေတ္တာရပ်ခံအပ်ပါသည်ရှင့်။
ရွှေအပေါင်
လက်ခံခြင်း

ကျွန်ုပ်တို့ မိသားစုရွှေဆိုင်သည် ၁၉၆၄ ခုနှစ် နတ်တလင်းမြို့တွင် စတင်တည်ထောင်စဉ်ကပင် ရွှေအပေါင်လုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်ခဲ့ပြီး ပေါင်းတည်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည့် ၁၉၈၉ ခုနှစ်မှစ၍ ယနေ့တိုင် နှစ်ပေါင်း (၃၇) နှစ်တိုင်တိုင် စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးလာခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပေါင်းတည်မြို့နယ်တစ်ဝန်းရှိ ငွေဖော်လိုသူ ဧည့်သည်တော်အားလုံးက အခြားဆိုင်များထက် ကျွန်ုပ်တို့ “မိသားစုရွှေဆိုင်” ကိုသာ ထိပ်ဆုံးမှ ယုံကြည်အားကိုးပြီး လက်တွဲလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပါတယ်ရှင့်။

customize အပ်ထည်
လက်ခံခြင်း

မိမိတို့ စိတ်ကူးယဉ်အိမ်မက်ထဲကအတိုင်း ထူးခြားဆန်းသစ်ပြီး မိမိနှင့် အလိုက်ဖက်ဆုံးဖြစ်မည့် အနုပညာလက်ရာမြောက် ရတနာထည်များကို မိသားစုရွှေဆိုင်မှာ အောက်ပါအတိုင်း စိတ်ကြိုက် အော်ဒါအပ်နှံ ထုဆစ်ပုံဖော်နိုင်ပါပြီ။

ကျွန်ုပ်တို့ဆိုင်၏ အော်ဒါအပ်ထည် ထူးခြားချက်များ

  • စိတ်ကြိုက်ဒီဇိုင်း ဖန်တီးနိုင်ခြင်း: မိမိတို့ ဝတ်ဆင်လိုသော၊ စိတ်ကြိုက်တွေ့ရှိထားသော ဒီဇိုင်းပုံရိပ်များကို ပေးပို့ကာ မိမိတို့ စိတ်တိုင်းကျ ရွှေအလေးချိန် သို့မဟုတ် ဘတ်ဂျက် (ငွေပမာဏ) ခန့်မှန်းခြေတို့ကို တိုင်ပင်ညှိနှိုင်းပြီး အသေးစိတ် အပ်နှံနိုင်ပါသည်။
  • ခေတ်မီ 3D ဒီဇိုင်းစနစ်: စိန်ထည်များနှင့် တွင်းထွက်ကျောက်မျက်ရတနာထည်များကို ခေတ်မီဆန်းသစ်သော 3D Designစနစ်များအသုံးပြုကာ စနစ်တကျ ပုံဖော်ထုလုပ်ပေးပါသည်။

အပ်ထည်များ ပြီးစီးနိုင်မည့် ကြာမြင့်ချိန် 

အပ်ထည်များသည် ပစ္စည်းဒီဇိုင်းအလိုက် အချိန်ကြာမြင့်မှု ကွာခြားနိုင်ပါသည်ရှင့် –

  • ပြောင်လက်စွပ်၊ ပြောင်လက်ကောက်များ: အမြန်ဆုံး (၂) ရက်မှ (၃) ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးပါသည်။
  • ပုံမှန်ရွှေထည် အပ်ထည်များ: ပုံမှန်အားဖြင့် (၁၀) ရက်ခန့် ကြာမြင့်နိုင်ပါသည်။
  • အဆင့်မြင့် စိန်ထည်ရတနာများ: လက်ရာအနုစိတ်မှုပေါ်မူတည်၍ (၁၄) ရက်ခန့် ကြာမြင့်နိုင်ပါသည်။

 ဧည့်သည်တော်များ သတိပြုရန် အချက်လေးများ

  • 24K နှင့် 18K အထည်များကိုမူ စိတ်ကြိုက်အော်ဒါ (Customize) အပ်နှံ၍ ဆောင်ရွက်ပေးခြင်း မရှိပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင့်။
customize အပ်ထည်
လက်ခံခြင်း

အပ်ထည်အသေးစိတ် မေးမြန်းရန်နှင့် ဆက်သွယ်ရန်

လူကြီးမင်းတို့ အပ်နှံလိုသည့် ဒီဇိုင်းပုံစံများ၊ စိတ်ဝင်စားသည့် ရွှေချိန် သို့မဟုတ် ငွေပမာဏ (ခန့်မှန်းခြေ) များကို ဆိုင်သို့ တိုက်ရိုက်လာရောက်၍ဖြစ်စေ၊ မင်မင်တို့ထံ စာပို့၍ဖြစ်စေ အသေးစိတ် ဆက်လက်မေးမြန်းနိုင်ပါတယ်ရှင့်။

လက်ဝတ်ရတနာများ 
ပြင်ဆင်ခြင်း

လူကြီးမင်းတို့ မြတ်နိုးတန်ဖိုးထားသည့် အဖိုးတန်ရတနာများ ရေရှည်တည်တံ့လှပနေစေရန်အတွက် ကျွန်ုပ်တို့ “မိသားစုရွှေဆိုင်” တွင် အောက်ပါ ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

 ရရှိနိုင်သော ဝန်ဆောင်မှုများ –

  • ရွှေထည်ရတနာပြုပြင်ခြင်း: နားကပ်နောက်ပိတ်ပြင်ခြင်း၊ နာကွင်းဖောင်းတိုင်ပြင်ခြင်း၊ ကြိုးပြတ်ဆက်ခြင်းနှင့် ကြိုးထိပ်တုံးတပ်ဆင်ခြင်းများကို မူလအတိုင်း ပြန်လည်ကောင်းမွန်အောင် ပြုပြင်ပေးပါသည်။
  • ဝါရင့်ပန်းတိန်ဆရာများနှင့် တိုင်ပင်နိုင်ခြင်း: ပြင်ဆင်ရခက်ခဲသော အထည်များအတွက် ဆိုင်ရှိ အတွေ့အကြုံရင့် ပန်းတိန်ဆရာကြီးများနှင့်ကိုယ်တိုင် အနီးကပ် စိတ်ကြိုက်တိုင်ပင် ဆွေးနွေးနိုင်ပါသည်။ 
  • 18K / 24K ရွှေရည်ပြန်ဖြန်းပေးခြင်း: ကာလကြာ၍ အရောင်မှိန်သွားသော အထည်များကို 18K/24K ရွှေရည် ပြန်လည်ဖြန်းပေးခြင်း (ရွှေရောင်ပြန်တင်ခြင်း) ဖြင့် အသစ်အတိုင်း ဝင်းပလာစေပါသည်။
  • ကျောက်မျက်ရတနာ ပြန်လည်တပ်ဆင်ခြင်း: ကျွတ်ထွက်သွားသော စိန်ပွင့်များနှင့် တွင်းထွက်ကျောက်များကို အနုစိတ်လက်ရာဖြင့် ခိုင်ခံ့အောင် ပြန်လည်တပ်ဆင်ပေးပါသည်။
  • အဆင့်မြင့် လေဆာထုဆစ်ခြင်း (Laser Engraving): ရွှေထည်များပေါ်တွင် နာမည်၊ ရက်စွဲ၊ အထိမ်းအမှတ်သင်္ကေတများ (အသည်းပုံ၊ ကြယ်ပုံ) နှင့် မိမိတို့နှစ်သက်ရာ ဓာတ်ပုံများကို လေဆာထိုးနိုင်ပါသည်၊

အထည်၏ ပျက်စီးမှုနှင့် လက်ရာအနုစိတ်မှုပေါ်မူတည်၍ ကုန်ကျစရိတ် ကွာခြားနိုင်ပါသဖြင့် ဆိုင်သို့ ကိုယ်တိုင်ယူဆောင်လာပြသ၍ ပန်းတိန်ဆရာများနှင့် တိုက်ရိုက်တိုင်ပင်နိုင်ပါသည်ရှင့်။

Customized Bespoke လက်ရာများ

Customized Bespoke လက်ရာများ
Customized Bespoke လက်ရာများ
Customized Bespoke လက်ရာများ
Customized Bespoke လက်ရာများ
Customized Bespoke လက်ရာများ

ဝယ်ယူသူတို့ရဲ့ စကားသံများ

ဆက်သွယ်စုံစမ်းရန် ဆက်သွယ်စုံစမ်းရန်

ဆက်သွယ်စုံစမ်းရန်

လူကြီးမင်းတို့ စိတ်တိုင်းကျဖြစ်စေမယ့် မိသားစုစိန်ရွှေရတနာများကို လူကိုယ်တိုင် လာရောက်ကြည့်ရှုနိုင်သလို၊ အွန်လိုင်းကနေလည်း အချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါတယ်။

ဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်ရန် – 09 771 426 111, 09 771 426 222, 09 761 151 174

Tag Line Icon
ပြည့်ဝရွှေရည် အမြဲတည် မိသားစုဆို ဒို့ယုံကြည်
Tag Line Icon