လက်ကောက်ကျောပြင်အပြားပေါ်တွင် စိန်တောင်ပုံသဏ္ဌာန် သုံးထောင့်ချွန်း စက်ဖြတ်ရာလေးများကို အချိုးကျကျ ပုံဖော်ထားသည့် လက်ကောက်လေးပါ။အလင်းရောင်ကျရောက်လိုက်တိုင်း စက်ဖြတ်ရာလေးများထံမှ ပြိုးခနဲ အလင်းပြန် ဝင်းလက်သွားသဖြင့် လက်ကောက်ဝတ်ပေါ်တွင် အထူးပင် ထင်းခနဲ ပေါ်လွင်ဆွဲဆောင်မှု ရှိနေစေမှာပါ။