ဒေါင်းရုပ် ပန်းခက်အကနွဲ့ပုံစံ ကွက်ဆန်းကြီးများကို ရှေးမူမပျက် ကနုတ်ပန်းခက်များဖြင့် အနုစိတ်ပုံဖော်ထားပြီး အောက်ခြေမှာ ရွှေစက်ပြအဆွဲလေးများပါဝင်တဲ့ ဒေါင်းဘယက်အကျစ် ဒီဇိုင်းဖြစ်ပါတယ်။မင်္ဂလာဆောင်၊ အလှူအတန်းပွဲများနှင့် ရိုးရာအခမ်းအနားကြီးများမှာ ရှေးခေတ်နန်းတွင်းအလှလို ထည်ဝါခန့်ညားတဲ့ ရုပ်သွင်ကို အပြည့်အဝ တောက်ပသွားစေမှာပါ။