လက်စွပ်ကိုယ်ထည်ကို နှစ်လိုင်းခွဲပြီး တစ်ဖက်မှာကျောက်ဖြူတန်းကို အနုစိတ်စီခြယ်ထားကာ အခြားတစ်ဖက်မှာတော့ စက်ဖြတ်ရွှေလှိုင်းတွန့်စင်းလေးနဲ့ ယှဉ်တွဲဖန်တီးထားတဲ့ နှစ်လိုင်းယှက်လက်စွပ်ဒီဇိုင်းဖြစ်ပါတယ်။လက်ချောင်းထက်မှာ သပ်ရပ်ကျော့ရှင်းစွာ တည်ရှိနေပြီး မတူညီတဲ့ အသွင်အပြင် နှစ်ခုရဲ့ ပေါင်းစပ်မှုကြောင့် ဘယ်လိုဝတ်စုံမျိုးနဲ့မဆို စမတ်ကျကျ လိုက်ဖက်ညီနေမှာ ဖြစ်ပါတယ်။