အလယ်က ပြောင်ချောရွှေလုံးလေးကို ဗဟိုပြုပြီး ဘေးပတ်လည်မှာ ရွှေစက်လုံးစိပ်လေးတွေနဲ့ ကြာကန်ပွင့်ဖတ်အနားကွပ်သဏ္ဍာန် ဝန်းရံမွမ်းမံထားတဲ့ လက်စွပ်လေးပါ။ရိုးရှင်းပြီး ထည်ဝါတဲ့အလှကို ပေါင်းစပ်ထုဆစ်ထားတာကြောင့် မည်သည့်လက်ချောင်းထက်မှာမဆို ဝတ်ဆင်လိုက်ရုံနဲ့ မြင်သူတိုင်းမျက်စိကျလောက်အောင် ကျော့ရှင်းတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်။