လိပ်ပြာလေး၏အလှကို ပြောင်ချောအဖောင်းဒီဇိုင်းဖြင့် အချိုးအစားကျကျ ဖန်တီးထားပြီး ရွှေသား၏ တောက်ပမှုမျက်နှာပြင်ကြောင့် နားထက်မှာ ဆင်ယင်လိုက်ရုံဖြင့် ထူးခြားစွာ လင်းလက်ကျော့ရှင်းစေပါသည်။ ဝတ်ဆင်သူတိုင်းကို ပိုမိုတင့်တယ်ခန့်ညားစေမည့်အပြင် မည်သည့်ပွဲတက်ဝတ်စုံ၊ မြန်မာဝတ်စုံများနှင့်မဆို လိုက်ဖက်ညီစွာ ဆွဲဆောင်မှုအပြည့် ပေးစွမ်းမည့် ရတနာမွန် ဖြစ်ပါသည်။