လခြမ်းပုံစံ ကွေးကွေးကော့ကော့ အချိတ်လိုင်းဆန်းလေးများကို အချိုးကျကျ ယှက်လိမ်သီကုံးထားပြီး အစွန်းတစ်လျှောက်တွင် ရွှေဘောလုံးလေးများကို အနုစိတ်ပုံဖော်ပေးထားသည့် ဟန်းချိန်းလေး။ပေါ့ပေါ့ပါးပါးဖြင့် ဝတ်ဆင်နိုင်ပြီး နုပျိုလန်းဆန်းပြီး ချစ်စဖွယ် မိန်းကလေးဆန်ဆန်အလှကို ပေးစွမ်းမှာပါ။