သစ်ရွက်ပုံစံ ကွေးကွေးကော့ကော့ လိုင်းဆန်းလေးများကို အဆက်မပြတ် သီကုံးထားပြီး အဆစ်နေရာတိုင်းတွင် ရွှေဘောလုံးလေး ၂ လုံးစီဖြင့် အနုစိတ်ကွပ် ပုံဖော်ပေးထားသည့် ဟန်းချိန်းလေးပါ။သစ်ရွက်လိုင်းလေးများ၏ ပြောင်လက်မှုနှင့် ဘောလုံးစေ့လေးများ၏ ဝင်းလက်မှုတို့ ပေါင်းစပ်ပြီး ဝတ်ဆင်သူ၏ လက်ကောက်ဝတ်ပေါ်တွင် အထူးပင် နူးညံ့ပျော့ပျောင်းကာ မိန်းကလေးဆန်ဆန် လှပနေစေမှာပါ။