အလယ်ဗဟိုမှာ ရုပ်လုံးကြွ ပန်းပွင့်ပုံစံကိုပုံဖော်ထားပြီး၊ ဘေးကျောပြင်တစ်လျှောက်မှာ သေးငယ်သပ်ရပ်တဲ့ ဥစီ (ရွှေဘောလုံး) အလိုင်းလေးတွေကို ကွပ်ပေးထားသည့် မူလီရစ်လက်ကောက်လေးပါ။မြန်မာဝတ်စုံအလှတွေနဲ့ဖြစ်စေ၊ ပွဲတက်ဝတ်စုံတွေနဲ့ဖြစ်စေ အလိုက်ဖက်ဆုံး ယှဉ်တွဲဆင်မြန်းနိုင်သလို ပန်းပွင့်ဗဟိုပြု အလှကြောင့် ဝတ်ဆင်လိုက်ရင် ကျက်သရေအပြည့်နဲ့ တင့်တယ်စေမှာပါ။